ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Thursday, August 4, 2011

သုတ နှင့် သီလ

သုတမရှိ၊ သီလရှိက သီလအတွက် နှစ်သက်ကုန်ကြ ချီးမွမ်းရ၏။

သီလမရှိ သုတရှိသော် တတ်သိချည်းနှီး ကျိုးမဲ့ကြီးဟု မချီးမွမ်းကြ ကဲ့ရဲ့ရ၏။

သုတ သီလ စွယ်စုံလှမူ ထိုသသူကို နတ်လူကောင်းချီး ခေါ်မပြီးဘူး။

ချည်းနှီး နှစ်ဝ ဖြစ်တုံကမူ ဗာလလူယုတ် သတင်းပုတ်သည် ရှုတ်ချ မဆုံး ရှိမည်တည်း။

No comments: