ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Thursday, August 4, 2011

ရာဟုလောဝါဒသုတ်

မိတ်ကောင်းမှီစေ တောရပ်နေ သုံးလေမတ္တညု၊

ပစ္စည်းလေးဖြာ မတွယ်တာ တဏှာငြိမ်းအောင်ပြု၊

ပါတိမောက္ခ သံဝရ သီလလုံစေမှု၊

တံခါးခြောက်ထွေ ဣနြေ္ဒ ငြိမ်စေပိတ်ဆို့ပြု၊

သတိမြဲရာ ကိုယ်၌သာ ခန္ဓာငြီးငွေ့မှု၊

သုဘနိမိတ် ခွါရှောင်ဆိတ် ဈာန်စိတ်ပိုင်အောင်ရှု၊

အနိမိတ္တ ထင်စေမှ မာနကွာအောင်ပြု၊

ဤနည်းကျင့်ပေ ဝဋ်သုံးထွေ ငြိမ်းလေမှန်သည်ဟု၊

ရာဟုလာအား ဒို့ဘုရား ဟောကြားနေ့နေမှု။

No comments: