ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Thursday, August 4, 2011

အလိုအပ်ဆုံး မေတ္တာ

နှစ်ရွာတစ်ရွာ ဆက်ဆံရာ မေတ္တာလိုရင်းသုံး၊

မိတ်ဆွေချင်းသာ ပေါင်းသင်းရာ မေတ္တာအမြတ်ဆုံး၊

အေးစေ မြစေ မေတ္တာရေ၊ သုံးလေ ရပ်ရွာသုံး၊

မေတ္တာစိတ်ဓာတ် လွန်မြင့်မြတ် လူနတ်အချစ်ဆုံး၊

မေတ္တာရနံ့ ကြိုင်လှိုင်နှံ့ သင်းပျံ့ နယ်မဆုံး၊

မေတ္တာပန်းခိုင် ကိုယ်စီကိုင် ဖက်ပြိုင်သူတို့ရှုံး၊

တစ်ဦးမေတ္တာတစ်ဦးမှာ ရှည်ကြာရွံမမုန်း၊

တရားပျောက်ကွယ် မေတ္တာပြယ် ကြီးငယ် အများမုန်း၊

မေတ္တာနတ်ပန်း ပန်ဆင်မြန်း ရွှင်လန်း စိတ်နှလုံး။

No comments: