ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Sunday, July 31, 2011

ကြွေးသစ်၊ ကြွေးဟောင်း၊ ရွှေအိုးမြုပ်

လောကဓမ္မတာ လူ့တံထွာဖြင့် နောင်ခါထို့တူ မွေးစိမ့်ဟူ၍ မှတ်ယူသောအား သမီးသားကို ဝတ်စားဆင်ယင် သုတ်သင်လုပ်ကျွေး ပြုစုမွေးကာ ကြွေးသစ်ချသည် သဘောမည်၏။

ရွှင်ကြည်အထူး မွေးခဲ့ဘူးသည် ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့အား ခစားမကင်း လုပ်ကျွေးခြင်းကား မယွင်းပညတ် ကြွေးဟောင်းဆပ်တည်း၊

တစ်ရပ်ထိုမှ သမဏဗြဟ္မဏ ယာစကာအား သဒ္ဓါကြည်ဖြူ ပေးလှူသည် သံသရာဝယ် လိုရာမညှိုး သုံးရန်မျိုးဖြင့် ရွှေအိုးမြုပ်သည် သဘောမည်၏။

No comments: