ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Sunday, July 31, 2011

ကြီးပွါးကြောင်းတရား (၆)ပါး


(၁)ရောဂါလွတ် မြတ်လှတဲ့ လာဘ်ပင်

(၂)ကျင့်သီလာ

(၃)သြဝါဒငယ်

(၄)များလှကြားမြင်

(၅)တရားခင်

(၆)အားထုတ်ချင်စိတ်ထား

ကြီးပွါးရန် ခြောက်တန်ကြောင်းငယ်

ကောင်းလှတရား။

အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနဲ့၊ ရောဂါမစပ်၊ မြတ်သော်လာဘ်ကို၊ လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊ ငါးဖြာပဉ္စသီ စောင့်ထိန်းညီလျက် ထိုပြီနောက်ထိ၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတစ်ပါး၊ မြင်ကြားဖွေရှာ၊ နောက်ပေသုစရိုက်၊ ကိုယ်၌မကွာ၊ တည်စေရာ၏။ တဖြာထိုမှ၊ ဓာနရှာခြင်း၊ မပျင်းလုံ့လ၊ ဝီရိယကို၊ ဖြစ်တစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ လူဟူပြီတို့၊ လောကီ လောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ် ပွားကြောင်းဖြစ်၏။

No comments: